ပဋိဇီဝပိုးသတ်ဆေးများ မမှန်မကန်အသုံးချခြင်း
  
Nearby words
ပဋိဇီဝပိုးသတ်ဆေးများကို လွဲများစွာ အသုံးပြုခြင်း, ပဋိဇီဝပိုးသတ်ဆေးများကို အလွန်အကျွံသုံးစွဲခြင်း
Translated

ပဋိဇီဝပိုးသတ်ဆေးများကို မသင့်တော်သောနေရာများတွင် အသုံးချခြင်း

 

"ဥပမာအားဖြင့် ဘက်တီးရီးယားပိုးမျိုးစုံသတ်နိုင်သည့် ကျယ်ပြန့်သော အာနိသင်ရှိ ပဋိဇီဝပိုးသတ်ဆေး များကို မလိုအပ်ပဲ သုံးစွဲခြင်း။"

 

"နှာစေးအအေးမိခြင်းကဲ့သို့သော သူ့အလိုလို ပျောက်ကင်းတတ်သော ဗိုင်းရပ်စ်ရောဂါများ အတွက် ပဋိဇီဝပိုးသတ်ဆေးများကို လွဲများစွာ အသုံးပြုခြင်းသည် ကျွန်ုပ်တို့လူမှုအဖွဲ့အစည်းကို ကြီးမားစွာထိခိုက်စေသည်။"

 

ဆက်စပ်သောစကားလုံးများ

ပဋိဇီဝပိုးသတ်ဆေးများကို လွဲများစွာ အသုံးပြုခြင်း

ပဋိဇီဝပိုးသတ်ဆေးများကို မသင့်တော်သောနေရာများတွင် အသုံးချခြင်း

 

ပဋိဇီဝပိုးသတ်ဆေးများကို အလွန်အကျွံသုံးစွဲခြင်း

ပဋိဇီဝပိုးသတ်ဆေးများကို လိုအပ်သည်ထက်ပို၍များပြားစွာအသုံးပြုခြင်း သို့မဟုတ် လွန်ကဲစွာ မကြာခဏအသုံးပြုခြင်း

 

"ပဋိဇီဝပိုးသတ်ဆေးများ မမှန်မကန်အသုံးချခြင်း နှင့် အလွန်အကျွံသုံးစွဲခြင်းတို့ကို ထိန်းချုပ်ရန်မလွယ်ကူပါ။"

 

"ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးခြင်းသည် မမှန်မကန်အသုံးချခြင်းနှင့်  အလွန်အကျွံသုံးစွဲခြင်းတို့အပြင်ရောဂါကာကွယ်ထိန်းချုပ်မှုအားနည်းခြင်းတို့ကြောင့် ပိုမိုလျှင်မြန်စွာဆိုးရွားလာနေသည်။"

 

Learning point

ပဋိဇီဝပိုးသတ်ဆေးများ မမှန်မကန်အသုံးချခြင်းဖြင့် သင်ကိုယ်တိုင် နှင့် လူသားအားလုံးကို ဘေးအန္တရာယ် ဖြစ်နေစေပြီလား

 

ပဋိဇီဝပိုးသတ်ဆေးများ မမှန်မကန်အသုံးချခြင်း သို့မဟုတ် အလွန်အကျွံသုံးစွဲခြင်းတို့သည်ဘေးအန္တရာယ်ဖြစ်စေပါသည်။ နှာစေးချောင်းဆိုးအအေးမိခြင်း နှင့် အခြား ဗိုင်းရပ်စ်ရောဂါများ အတွက် ပဋိဇီဝပိုးသတ်ဆေးများသောက်သုံးခြင်းသည် ရောဂါမပျောက်ရုံသာမက သင့်ကိုလည်း မလိုအပ်သော ဘေးထွက်ဆိုးကျိုးများပေးနိုင်သည်။ ထပ်ပြောရလျှင် အချိန်ကြာလာသည်နှင့်အမျှ ဤကဲ့သို့ ဆေးသုံးစွဲမှုသည် ကုသရပိုမိုခက်ခဲသော ဘက်တီးရီးယားပိုးများကို ဖြစ်လာစေရန် အမှန်တကယ်ပင်အကူအညီပေးသည်။ ဤဘက်တီးရီးယားပိုးများသည် သင်ကိုယ်တိုင်၊ သင့်မိသားစု နှင့် သင့်ပတ်ဝန်းကျင်ရှိ လူအများကိုကူးစက်စေနိုင်သည်။

 

မည်သည့်အချက်သည် ပဋိဇီဝပိုးသတ်ဆေးများ မမှန်မကန်အသုံးချခြင်းတွင်ထည့်သွင်းနိုင်ပါသလဲ

၁။ နှာစေးချောင်းဆိုးအအေးမိခြင်း နှင့်တုပ်ကွေးရောဂါများအတွက် ပဋိဇီဝပိုးသတ်ဆေးများ

အသုံးပြုခြင်း

၂။ ပဋိဇီဝပိုးသတ်ဆေးများကို ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများ၏ ညွန်ကြားမှုမရှိပဲ သို့မဟုတ် ညွန်ကြားမှုနှင့် ဆန့်ကျင်၍ အသုံးပြုခြင်း

၃။ ညွန်ကြားသည့်အတိုင်း ဆေးကိုရက်ပြည့်အောင်အကုန်မသောက်ခြင်း

၎။ ပဋိဇီဝပိုးသတ်ဆေးများကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်း

၅။ ပဋိဇီဝပိုးသတ်ဆေးလက်ကျန်များကို အသုံးပြုခြင်း

 

ကျွန်ုပ်ဘာလုပ်သင့်သလဲ

၁။ နှာစေးချောင်းဆိုးအအေးမိခြင်း နှင့်တုပ်ကွေးရောဂါများအတွက် ပဋိဇီဝပိုးသတ်ဆေးများ အသုံးမပြုပါနှင့်

၂။ ပဋိဇီဝပိုးသတ်ဆေးများကို ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများ၏ ညွန်ကြားမှုရှိမှသာ သုံးစွဲပါ။ ပိုမိုသေချာစေရန် ကျွန်ုပ်ပဋိဇီဝပိုးသတ်ဆေး သောက်သုံးရန် သင့်တော်သော ညွန်ကြားချက်ရှိမရှိ မေးပါ။

၃။ ညွန်ကြားသည့်အတိုင်း ဆေးကိုရက်ပြည့်အောင်အကုန်သောက်ပါ။ သင့်ရောဂါသက်သာလာသောလည်း ဆေးကိုဆေးပတ်လည်အောင်သောက်ပါ။

၎။ ပဋိဇီဝပိုးသတ်ဆေးများကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်း မလုပ်ပါနှင့်။

၅။ ပဋိဇီဝပိုးသတ်ဆေးလက်ကျန်များကို အသုံးမပြုပါနှင့်။

 

ပဋိဇီဝပိုးသတ်ဆေးများ မမှန်မကန်အသုံးချခြင်း နှင့် ပတ်သက်သော လွဲမှားလေ့ရှိသည့်အယူအဆများ

 

၁။ လိုလိုမယ်မယ် ပဋိဇီဝပိုးသတ်ဆေး သောက်ထားချင်တယ်။

 

အဖြေ။ မှားသည်။ နှာစေးအအေးမိနှင့် တုပ်ကွေးရောဂါများသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါအများစုသည် ဘက်တီးရီးယားကြောင့် မဟုတ်ပါ။ ကျွမ်းကျင်ကျန်းမာရေး ဝန်ထမ်းများ၏ ညွန်ကြားမှုမရှိပဲ ပဋိဇီဝပိုးသတ်ဆေး သောက်ခြင်းသည် သင်ကိုယ်တိုင်အား ဆေး၏ ဘေးထွက်ဆိုးကျိုးများ အန္တရာယ်ရှိစေသည့်အပြင် အခြားသူများကိုလည်း ဆေးယဉ်ပါး ဘက်တီးရီးယားပိုး အန္တရာယ်သို့မလိုအပ်ပဲ ကျရောက်စေသည် ။

 

၂။ ကျွန်တော် အရင်တစ်ခေါက် နှာစေးအအေးမိတုန်းက ပဋိဇီဝပိုးသတ်ဆေး သောက်ပြီး မြန်မြန်သက်သာ လာတယ်။ အခုတစ်ခေါက် နှာစေးအအေးမိတော့ ပဋိဇီဝပိုးသတ်ဆေးထပ်သောက် ချင်တယ်။

 

အဖြေ။ မှားသည်။ နှာစေးအအေးမိနှင့် တုပ်ကွေးရောဂါများသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး လူနာအများစုသည် ၇ရက်မှ ၁၀ရက်အတွင်း သက်သာလာကြသည်။ သင် ပဋိဇီဝပိုးသတ် ဆေးမသောက်လည်း သက်သာလာမှာပဲ ။ ပဋိဇီဝပိုးသတ်ဆေးများသည် ဗိုင်းရပ်စ်ပိုးကိုမသတ်နိုင်ပါ။ သင့်ကို မြန်မြန်နေကောင်းလာအောင် အလုပ်မြန်မြန်ပြန်လုပ်နိုင်အောင် မကုပေးနိုင်ဘူး။

 

၃။ ကျွန်တော် အရင်တစ်ခေါက် ပဋိဇီဝပိုးသတ်ဆေးသောက်တုန်းက ဘေးထွက်ဆိုးကျိုးများ မခံစားခဲ့ရဘူး ။ ဒါကြောင့်ဒီတစ်ခေါက်လည်း ဘေးထွက်ဆိုးကျိုးများခံစားရမှာမဟုတ်ဘူး။

 

အဖြေ။ မှားသည်။ အရင်တစ်ခေါက် ပဋိဇီဝပိုးသတ်ဆေးသောက်တုန်းက ဘေးထွက်ဆိုးကျိုးများ မခံစားခဲ့ရသော်လည်း သင်အခုတစ်ခေါက် ခံစားရနိုင်သည် ။ ပဋိဇီဝပိုးသတ်ဆေးများကို ထပ်ကာထပ်ကာ အသုံးပြုခြင်းသည် ဝမ်းလျှောခြင်း၊ မှိုစွဲရောဂါများအပါအဝင် အချို့သောဘေးထွက်ဆိုးကျိုးများကို ပိုမိုဖြစ်ပွားစေသည် ။

၎။ ကျွန်ုပ်၏ခန္ဓာကိုယ်ရှိ ဘက်တီးရီးယားများ ဆေးယဉ်ပါးပြီး ကျွန်ုပ်ကို ရောဂါဖြစ်စေလျှင်လည်း ကျွန်ုပ်သည် ပိုမိုအစွမ်းထက်သော ပဋိဇီဝပိုးသတ်ဆေးကို အမြဲတစေဝယ်ယူနိုင်သည် ။

 

အဖြေ။ မှားသည်။ ပဋိဇီဝပိုးသတ်ဆေးများစွာကို ယဉ်ပါးနေသော ဘက်တီးရီးယားပိုးအများအပြား ရှိသည် ။ အချို့မှာ လက်ရှိ ရနိုင်သမျှ သော ပဋိဇီဝပိုးသတ်ဆေးအားလုံးဖြင့် သတ်လည်းမသေနိုင်ပါ ။ ပဋိဇီဝပိုးသတ်ဆေးများကို လွဲမှားစွာအသုံးပြုခြင်းကြောင့် လက်ရှိ ရနိုင်သမျှသော ပဋိဇီဝပိုးသတ်ဆေးအားလုံးဖြင့် ကုသမရနိုင်သော ဘက်တီးရီးယားပိုး ကူးစက်ခံရနိုင်သော အခွင့်အလမ်းပိုများသည်။

၅။ ကျွန်ုပ်၏ခန္ဓာကိုယ်ရှိ ဘက်တီးရီးယားများ ဆေးယဉ်ပါးပြီး ကျွန်ုပ်ကို ရောဂါဖြစ်စေလျှင်လည်း ကျွန်ုပ်တစ်ယောက်တည်းသာဖြစ်သည် ။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကျွန်ုပ် ပြသနာမပေးပါ ။

 

အဖြေ။ မှားသည်။ သင့်ခန္ဓာကိုယ်မှပေါက်ဖွားလာသော ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးနေသော ဘက်တီးရီးယားပိုးသည် သင့်ကို အန္တရာယ်ပေးရုံသာမက သင့်မိသားစု သင့်ပတ်ဝန်းကျင်နှင့် သင့်လူမှုအသိုင်းအဝိုင်းရှိ အခြားညူများကိုလည်း ကူးစက်စေနိုင်သည် ။ ပဋိဇီဝပိုးသတ်ဆေးများကို လွဲမှားစွာအသုံးပြုခြင်းသည် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို အန္တရာယ်ပေးနိုင်ပါသည်။

Related words.
Word of the month
New word
ဒေါင်းလုပ်

တစျခုလုံးကို AMR အဘိဓါန် Download ဒီမှာ